Village House: နေထိုင်သူများအတွက် အွန်လိုင်းလျှောက်လွှာများနှင့် မေးလေ့ရှိသော မေးခွန်းများ

Village House ၏ အခန်းတွင် နေထိုင်နေပါက ဤစာမျက်နှာမှတစ်ဆင့် လိုအပ်သည့် လျှောက်လွှာများကို တင်သွင်းနိုင်ပါသည်။ ပြောင်းရွှေ့ထွက်ခွာခြင်းနှင့် စာချုပ်ဖျက်သိမ်းခြင်း၊ ကားပါကင်ထပ်တိုးစာချုပ်၊ ပြုပြင်ခြင်း၊ မီးအာမခံ၊ အိမ်ငှားရမ်းခ အထောက်အထားထုတ်ပေးခြင်းနှင့် စာရင်းသွင်းထားသော အချက်အလက်ပြောင်းလဲခြင်းတို့ကို အွန်လိုင်းမှ ဆောင်ရွက်ပါသည်။ လိုအပ်သည့်လျှောက်လွှာကို အောက်တွင် ရွေးချယ်ပါ။

နေထိုင်သူများအတွက် အွန်လိုင်းဖောင်များ

လင့်ခ်ကို ရွေးချယ်ပါက အကောင့်ဝင်ရောက်သည့် စာမျက်နှာသို့ ရောက်ပါမည်။ စာချုပ်အချက်အလက်ဖြင့် ဝင်ရောက်ပြီးပါက ရွေးချယ်ထားသော လျှောက်လွှာ အလိုအလျောက် ပွင့်လာပါမည်။

ပြုပြင်ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်း

ပြောင်းရွှေ့ထွက်ခွာခြင်းနှင့် စာချုပ်ဖျက်သိမ်းခြင်း

ကားပါကင် — ထပ်တိုးခြင်း၊ ပြောင်းလဲခြင်းနှင့် အထောက်အထား

အတူနေထိုင်သူ ထပ်တိုး/ထွက်ခွာခြင်းနှင့် အိမ်မွေးတိရစ္ဆာန် ခွင့်ပြုချက်

အိမ်ငှားရမ်းခ အထောက်အထားနှင့် စာချုပ်မိတ္တူ

မီးအာမခံ ထည့်ဝင်ခြင်းနှင့် အထောက်အထားတင်ပြခြင်း

စာရင်းသွင်းအချက်အလက် ပြောင်းလဲခြင်း (အမည်၊ လိပ်စာ၊ ဘဏ်အကောင့်၊ ဆက်သွယ်ရန်)

အသုံးပြုပုံ

  1. လျှောက်လွှာ ရွေးချယ်ပါ

    အထက်ပါစာရင်း သို့မဟုတ် အမျိုးအစားမှ လိုအပ်သည်ကို ရွေးချယ်ပါ။

  2. အကောင့်ဝင်ပါ

    စာချုပ်အချက်အလက်ဖြင့် ဝင်ရောက်ပါ။

  3. လျှောက်လွှာ တင်သွင်းပါ

    ရွေးချယ်ထားသော လျှောက်လွှာ အလိုအလျောက် ပွင့်လာပါမည်။ ဖြည့်စွက်ပြီး ပေးပို့ပါ။

နေထိုင်သူများ၏ မေးခွန်းများ ရှာပါ

ဖောင်မပို့မီ သင့်အဖြေကို ဤနေရာတွင် တွေ့နိုင်ပါသည်။

အများဆုံး မေးလေ့ရှိသော မေးခွန်းများ

အကြောင်းအရာအလိုက် ရှာပါ

ငှားခနှင့် ဘဏ်စာရင်းမှ လွှဲပြောင်းခြင်း

အိမ်ငှားရမ်းခ အထောက်အထားစာရွက် ထုတ်ပေးခိုင်းလို့ ရပါသလား?

စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင်နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「E-1 အိမ်ငှားရမ်းခ အထောက်အထားစာရွက်ထုတ်ပေးခြင်း」 မှတဆင့် လျှောက်ထားပေးပါ။

အိမ်ငှားရမ်းခ အထောက်အထားစာရွက်ထုတ်ပေးခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

အိမ်လခအား ဘဏ်အကောင့်မှ အလိုအလျောက် ငွေဖြတ်တောက်သည့်ရက်သည် ရုံးပိတ်ရက်ဖြစ်နေသည့် အခြေအနေမျိုးဆိုပါက ဘယ်လိုဖြစ်မှာလဲ?

ဘဏ်အကောင့်မှ အလိုအလျောက် ငွေဖြတ်တောက်သည့်ရက်သည် ငွေကြေးဆိုင်ရာ အဖွဲ့အစည်း (ဘဏ်) ၏ ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေပါက နောက်ရုံးဖွင့်ရက်တွင် ငွေဖြတ်တောက်မည် ဖြစ်ပါသည်။

အိမ်လခအား ဘဏ်အကောင့်မှ အလိုအလျောက် ငွေဖြတ်တောက်သည့် အချိန်သည် ဘယ်အချိန်လဲ?

ဘဏ်အကောင့်မှ အလိုအလျောက် ငွေဖြတ်တောက်သည့် အချိန်သည် ငွေကြေးဆိုင်ရာ အဖွဲ့အစည်း (ဘဏ်) ပေါ်မူတည်၍ ကွာခြားမှုရှိပါသည်။

အိမ်လခ ငွေနုတ်ယူဖြတ်တောက်သည့် ဘဏ်အကောင့်ကို ပြောင်းလဲလိုပါက ဘယ်လိုလုပ်ရမလဲ?

စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「G-5 အိမ်ငှားရမ်းခ နှုတ်ယူမည့်ဘဏ်အကောင့် ပြောင်းလဲခြင်း」မှတဆင့် လျှောက်ထားပေးပါ။
※ စာချုပ်ချုပ်ဆိုသူ၏ အမည်နှင့် တူညီသော အမည်ရှိသည့် ဘဏ်အကောင့်ဖြစ်မှသာ ပြောင်းလဲနိုင်မည် ဖြစ်ပါသည်။
※ စာချုပ်ချုပ်ဆိုသူနှင့် အမည်မတူဘဲ ကွဲပြားခြားနားသော အမည်ရှိသည့် ဘဏ်အကောင့်သို့ ပြောင်းလဲခြင်းကို လက်ခံဆောင်ရွက်ပေးမည် မဟုတ်ပါ။

အိမ်ငှားရမ်းခ နှုတ်ယူမည့်ဘဏ်အကောင့် ပြောင်းလဲခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

အိမ်လခအား ဘဏ်အကောင့်မှ အလိုအလျောက် ငွေဖြတ်တောက်မည့်ရက်ကို ပြောင်းလဲလိုပါက ဘယ်လိုလုပ်ရမလဲ?

အိမ်လခအား ဘဏ်အကောင့်မှ အလိုအလျောက် ငွေဖြတ်တောက်မည့်ရက် ပြောင်းလဲလိုပါက ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာ မှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။ အချက်အလက်များကို စစ်ဆေးအတည်ပြုပြီးနောက် လမ်းညွှန်မှုပြုလုပ်ပေးပါမည်။

အိမ်လခ ဈေးနှုန်း မြင့်တက်လာခြင်း (သို့မဟုတ်) လျော့ကျသွားခြင်းများ ရှိနိုင်ပါသလား။

အိမ်ရာရှိ ဝင်ရောက်နေထိုင်မှု အခြေအနေနှင့် ပတ်ဝန်းကျင်ရှိ အခြားသောအဌားအိမ်ရာများ၏ အိမ်ဌားခ ဈေးကွက်ပေါက်ဈေး စသည်တို့ကို ဘက်စုံသုံးသပ်၍ ပြောင်းလဲမှုများ ရှိလာနိုင်ပါသည်။

အိမ်လခ လျော့ချပေးရန် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ပါသလား?

အိမ်လခ လျော့ချပေးရန် ညှိနှိုင်းဆွေးနွေးခြင်းကို လက်ခံဆောင်ရွက်ပေးခြင်း မရှိပါ။

အိမ်လခ ကို Credit Card ဖြင့် ပေးချေနိုင်ပါသလား။

Credit Card ဖြင့် ငွေပေးချေခြင်းကို ဝန်ဆောင်မှုပေးခြင်း မရှိပါ။

မှားယွင်းပြီး ငွေပမာဏပိုမိုလွှဲပြောင်းပေးမိပါက ငွေပြန်အမ်းပေးပါသလား။

မှားယွင်းပြီး ငွေပမာဏပိုမိုလွှဲပြောင်းပေးမိသည့်တိုင်အောင် ငွေပြန်အမ်းပေးသည့် ဝန်ဆောင်မှုကို လက်ခံဆောင်ရွက်ပေးခြင်း မရှိပါ။
ပိုလျှံသွားသော ငွေပမာဏကို နောက်လ၏ အိမ်လခစသည်တို့တွင် ဖြည့်သွင်းပေးချေပေးပြီးနောက် ဘဏ်အကောင့်မှ အလိုအလျောက် ငွေဖြတ်တောက်ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ထို့အပြင် ယခင်က ပေးဆောင်ရန်ကျန်ရှိနေသော အိမ်လခစသည်တို့ ရှိနေပါက အရင်ဖြစ်ပွားခဲ့သည့်အချိန်တွင်ရှိသည့် ကျန်ရှိနေသည့်ပမာဏမှစ၍ အစဉ်အတိုင်း ဖြည့်သွင်းပေးချေပေးသွားမည် ဖြစ်ပါသည်။ ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အိမ်လခ ကို ဘဏ်မှတစ်ဆင့် ငွေလွှဲပေးချေသည့်အခါ ငွေလွှဲခ (ဝန်ဆောင်ခ) ကို ကိုယ်တိုင်ကျခံရပါသလား။

ငွေလွှဲခ (ဝန်ဆောင်ခ) မှာ စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် ကျခံရမည် ဖြစ်ပါသည်။

ပေးဆောင်ခဲ့သော အိမ်လခအတွက် ပြေစာထုတ်ပေးပါသလား။ အိမ်ငှားရမ်းခ အထောက်အထားစာရွက် ထုတ်ပေးခိုင်းလို့ ရပါသလား။

ပြေစာထုတ်ပေးခြင်းကို လက်ခံဆောင်ရွက်ပေးခြင်း မရှိပါ။ ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အိမ်ငှားရမ်းခ အထောက်အထားစာရွက် ထုတ်ပေးရန် ဆန္ဒရှိပါက စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင်နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး 「E-1 အိမ်ငှားရမ်းခ အထောက်အထားစာရွက်ထုတ်ပေးခြင်း」 မှတဆင့် လျှောက်ထားပေးပါ။

အိမ်ငှားရမ်းခ အထောက်အထားစာရွက်ထုတ်ပေးခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

အိမ်လခကို အရစ်ကျပေးချေလို့ရပါသလား။

အရစ်ကျပေးချေခြင်းကို လက်ခံဆောင်ရွက်ပေးခြင်း မရှိပါ။ ကျေးဇူးပြု၍ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အိမ်လခပေးဆောင်ရန် ကျန်ရှိနေသည့် အခြေအနေတွင် နောက်ကျကြေးက ဘယ်လောက်လဲ။

ငွေပေးချေမှု နောက်ကျသွားသည့်အခါ မပေးဆောင်ရသေးသည့် ငွေပမာဏအပေါ် မူတည်၍ နှစ်စဉ်နှုန်းထား 14.6% နှုန်းဖြင့် နောက်ကျကြေးကျသင့်မည် ဖြစ်ပါသည်။

ငွေပေးချေမှု နောက်ကျ၍ ပေးဆောင်ရန်ကျန်ရှိသည့် အခြေအနေတွင် နောက်ကျကြေးကို ဘယ်အချိန်မှာ တောင်းခံတာလဲ။

နောက်ကျကြေးကို ငွေပေးချေပြီးနောက် ငွေပမာဏကို အတည်ပြု၍ နောက်လ၏ အိမ်လခနှင့်အတူ ပေါင်း၍တောင်းခံသွားမည် ဖြစ်ပါသည်။
နောက်လ၏ ဘဏ်အကောင့်မှ အလိုအလျောက် ငွေဖြတ်တောက်သည့်အချိန်တွင် အိမ်လခနှင့်ပေါင်း၍ ဖြတ်တောက်သွားမည် ဖြစ်သောကြောင့် ဘဏ်အကောင့်ထဲတွင် လက်ကျန်ငွေ မလုံလောက်မှု မရှိစေရန် သတိပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ငွေပေးချေမှု နောက်ကျ၍ ပေးဆောင်ရန်ကျန်ရှိသည့် အခြေအနေတွင် နောက်လတွင် ဘဏ်အကောင့်မှ ငွေဖြတ်တောက်သည့်အခါ ပေါင်း၍ တစ်ပြိုင်နက်တည်း ငွေဖြတ်တောက်ပေးနိုင်ပါသလား။

ပေးဆောင်ရန်ကျန်ရှိနေသော ငွေပမာဏကို နောက်လ၏ အိမ်လခနှင့်အတူ ဘဏ်အကောင့်မှ ငွေဖြတ်တောက်ခြင်းဖြင့် ပေးချေ၍မရပါ။
ပေးဆောင်ရန်ကျန်ရှိနေသော ငွေပမာဏကို သတ်မှတ်ထားသော ဘဏ်အကောင့်သို့ ငွေလွှဲပေးပို့ရန် လိုအပ်ပါသည်။
ငွေပေးချေသည့် နည်းလမ်းစသည့် အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် အိမ်လခနှင့်ဆိုင်သော ဆက်သွယ်စုံစမ်းမေးမြန်းမှုဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

ငွေပေးချေရန် သတိပေးစာ ရောက်ရှိလာပါက ဘယ်လိုလုပ်ရမလဲ။

ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် အိမ်လခနှင့်ဆိုင်သော ဆက်သွယ်စုံစမ်းမေးမြန်းမှုဌာန(0120-789-380) သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။
ထို့အပြင် ငွေပေးချေမှုပြုလုပ်ခြင်းနှင့် သတိပေးစာ ပေးပို့ခြင်းတို့မှာ အချိန်လွဲချော်သွားသည့် အခြေအနေမျိုးလည်းဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်၍ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မီးအန္တရာယ် အာမခံ

မီးအာမခံ ထည့်ဝင်ရန် လိုအပ်ပါသလား?

စာချုပ်အသစ် ချုပ်ဆိုသည့်အခါ မီးအာမခံ ထည့်ဝင်ရန် လိုအပ်ပါသည်။
မထင်မှတ်ထားသော မီးလောင်မှု သို့မဟုတ် မတော်တဆ ထိခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မီးအာမခံ ဝင်ရောက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မီးအာမခံကုမ္ပဏီ သတ်မှတ်ထားပေးတာမျိုး ရှိပါသလား?

အာမခံကုမ္ပဏီ သတ်မှတ်ထားခြင်း မရှိပါ။ သို့သော် Village House တွင် ကိုယ်စားလှယ်အဖြစ် အိမ်ငှားများအတွက် အထွေထွေအာမခံဖြစ်သော "Sumai Plus" ကို ဝန်ဆောင်မှုပေးလျက် ရှိပါသည်။
လုပ်ထုံးလုပ်နည်း လွယ်ကူမှုနှင့် ကာကွယ်ပေးသည့် အကျိုးခံစားခွင့်များအရ Village Houseမှ 「Sumai Plus」 တွင် ထည့်ဝင်ရန် အကြံပြုထားပါသည်။
အာမခံထည့်ဝင်လိုပါက စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「F-1 မီးအာမခံ ထည့်ဝင်ခြင်း」 မှတဆင့် လျှောက်ထားပေးပါ။
Sumai Plus ၏ အသေးစိတ် အချက်အလက်များ (ဂျပန်ဘာသာ၊ PDF) တွင်ကြည့်ရှုနိုင်ပါသည်။

မီးအာမခံ ထည့်ဝင်ခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

အာမခံကြေး တောင်းခံလိုပါက ဘယ်လိုလုပ်ရမလဲ? အာမခံကို အသုံးပြုလိုပါက ဘယ်လိုလုပ်ရမလဲ?

Village House မှ တာဝန်ယူဆောင်ရွက်ပေးသော အိမ်ငှားများအတွက် အထွေထွေအာမခံ "Sumai Plus" တွင် ထည့်ဝင်ထားပါက Starts Small Amount and Short Term Insurance Co., Ltd. ၏ မတော်တဆထိခိုက်မှု လက်ခံဆောင်ရွက်ရေး ဖုန်းနံပါတ် (0120-444-248/24 နာရီ၊ 365 ရက်ဖုန်းလက်ခံဆောင်ရွက်ပေးခြင်း) သို့ ဆက်သွယ်စုံစမ်းပေးပါ။
「Sumai Plus」 မဟုတ်သော အခြားသော မီးအာမခံများတွင် ထည့်ဝင်ထားပါက မိမိစာချုပ်ချုပ်ဆိုထားသည့် အာမခံကုမ္ပဏီသို့ ဆက်သွယ်စုံစမ်းပေးပါ။

မီးအာမခံ သက်တမ်းတိုးချိန်တွင် အာမခံကြေးပေးချေသည့် နည်းလမ်းကို ပြောပြပေးပါ။

Village Houseမှ တာဝန်ယူဆောင်ရွက်ပေးသော အိမ်ငှားများအတွက် အထွေထွေအာမခံ 「Sumai Plus」တွင် ထည့်ဝင်ထားပြီး "အာမခံကြေး အဖွဲ့အစည်းအလိုက် စုပေါင်းကောက်ခံခြင်းဆိုင်ရာ အထူးသဘောတူညီချက်" ကို သဘောတူထားပါက သက်တမ်းတိုးသည့်လ၏ 27 ရက်နေ့ (စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်ဖြစ်ပါက နောက်ရုံးဖွင့်ရက်) တွင် အိမ်လခ ဖြတ်တောက်သည့် ဘဏ်အကောင့်မှ အာမခံကြေးကို အလိုအလျောက် နုတ်ယူမည် ဖြစ်ပါသည်။
※ အိမ်လခနုတ်ယူသည့် ရက်နှင့် မတူဘဲ အာမခံကြေးကို သက်တမ်းတိုးသည့်လ၏ 27 ရက်နေ့ (စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်ဖြစ်ပါက နောက်ရုံးဖွင့်ရက်) တွင် နုတ်ယူမည် ဖြစ်ပါသည်။
※ အာမခံကြေးကို အိမ်လခနှင့် သီးခြားစီ ငွေနုတ်ယူဖြတ်တောက်မည် ဖြစ်ပါသည်။

မီးအာမခံ သက်တမ်းတိုးချိန်တွင် အာမခံကြေး နုတ်ယူဖြတ်တောက်၍ မရသည့်အခြေအနေမျိုးတွင် ဘယ်လိုလုပ်ရမလဲ?

Village Houseမှ တာဝန်ယူဆောင်ရွက်ပေးသော အိမ်ငှားများအတွက် အထွေထွေအာမခံ 「Sumai Plus」တွင် ထည့်ဝင်ထားပါက သက်တမ်းတိုးသည့်လ၏ 27 ရက်နေ့ (စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်ဖြစ်ပါက နောက်ရုံးဖွင့်ရက်) တွင် အာမခံကြေးကို နုတ်ယူဖြတ်တောက်မည် ဖြစ်ပါသည်။
အကယ်၍ ငွေဖြတ်တောက်၍ မရပါက သက်တမ်းတိုးသည့်လ၏ နောက်လ 27 ရက်နေ့ (စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်ဖြစ်ပါက နောက်ရုံးဖွင့်ရက်) တွင် နောက်တစ်ကြိမ် ထပ်မံ ဖြတ်တောက်မည် ဖြစ်ပါသည်။
သက်တမ်းတိုးသည့်လ၏ နောက်လတွင်လည်း ငွေဖြတ်တောက်၍ မရပါက အာမခံစာချုပ် ပျက်ပြယ်သွားမည် ဖြစ်သောကြောင့် လျှောက်ထားမှု လုပ်ထုံးလုပ်နည်းများကို အသစ်တစ်ဖန် ပြန်လည် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

Village House မှ တာဝန်ယူဆောင်ရွက်ပေးသော အိမ်ငှားများအတွက် အထွေထွေအာမခံ「Sumai Plus」ကို ထည့်ဝင်လိုပါက ဘယ်လိုလုပ်ရမလဲ? လက်ရှိ ဝင်ရောက်ထားသော မီးအာမခံမှ အိမ်ငှားများအတွက် အထွေထွေအာမခံ「Sumai Plus」သို့ ပြောင်းလဲလိုပါက ဘယ်လိုလုပ်ရမလဲ?

Village House မှ တာဝန်ယူဆောင်ရွက်ပေးသော အိမ်ငှားများအတွက် အထွေထွေအာမခံ「Sumai Plus」 သို့ ဝင်ရောက်လိုပါက သို့မဟုတ် ပြောင်းလဲလိုပါက စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「F-1 မီးအာမခံ ထည့်ဝင်ခြင်း」 မှတဆင့် လျှောက်ထားပေးပါ။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။

မီးအာမခံ ထည့်ဝင်ခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

မီးအာမခံ အထောက်အထားလက်မှတ်၊ အာမခံအထောက်အထားစာရွက်ကို ရယူလိုပါက ဘယ်လိုလုပ်ရမလဲ?

Village House မှ တာဝန်ယူဆောင်ရွက်ပေးသော အိမ်ငှားများအတွက် အထွေထွေအာမခံ 「Sumai Plus」တွင် ထည့်ဝင်ထားပါက Starts Small Amount and Short Term Insurance Co., Ltd. ၏ ဆက်သွယ်ရန် ဖုန်းနံပါတ် (0120-444-605/ရုံးဖွင့်ရက် နံနက် 9:00 မှ ညနေ 17:00 ထိ) သို့ ဆက်သွယ်စုံစမ်းပေးပါ။ ထို့အပြင် 「Sumai Plus」၏ စာချုပ်ချုပ်ဆိုထားသူများ ကိုယ်ပိုင်စာမျက်နှာ (My Page) မှနေ၍ အာမခံ အထောက်အထားလက်မှတ်အစား အသုံးပြုနိုင်သော "စာချုပ်ပါ အချက်အလက်အတည်ပြုလွှာ" ကို စစ်ဆေးကြည့်ရှုနိုင်သည့်အတွက် တွဲဖက်အသုံးပြုပေးပါ။

မီးအာမခံ ကိုယ်ပိုင်စာမျက်နှာ (My Page) သို့ဝင်ရောက်ရန် လိုအပ်သော ID (အာမခံနံပါတ်) သို့မဟုတ် Password ကို မေ့သွားပါက ဘယ်လိုလုပ်ရမလဲ?

Village House မှ တာဝန်ယူဆောင်ရွက်ပေးသော အိမ်ငှားများအတွက် အထွေထွေအာမခံ 「Sumai Plus」တွင် ထည့်ဝင်ထားပါက 「Sumai Plus」၏ စာချုပ်ချုပ်ဆိုသူ ကိုယ်ပိုင်စာမျက်နှာ (My Page) ရှိ Loginဝင်ရောက်သည့် စာမျက်နှာတွင် ဖော်ပြထားသော 「Password မေ့သွားသူများအတွက်」ဆိုသည့်နေရာမှတဆင့် Password ကို အသစ်ပြန်လည် သတ်မှတ်နိုင်ပါသည်။ ထို့အပြင် ID နှင့် Password မလိုအပ်ဘဲ ဖုန်းခေါ်ဆို၍ အတည်ပြုစစ်ဆေးခြင်းကိုလည်း ရွေးချယ်အသုံးပြုနိုင်သည် (ကုမ္ပဏီစာချုပ် သို့မဟုတ် စာချုပ်အများအပြား ချုပ်ဆိုထားသူများ မပါဝင်ပါ) ဖြစ်သောကြောင့် ကိုယ်ပိုင်စာမျက်နှာ (My Page) တွင် ဝင်ရောက်စစ်ဆေးကြည့်ရှုပေးပါ။

မီးအာမခံ သက်တမ်းတိုးပြီးနောက် အာမခံ အထောက်အထားလက်မှတ်၊ အာမခံအထောက်အထားစာရွက် တင်ပြရန် လိုအပ်ပါသလား?

Village House မှ တာဝန်ယူဆောင်ရွက်ပေးသော အိမ်ငှားများအတွက် အထွေထွေအာမခံ 「Sumai Plus」ကို ချုပ်ဆိုထားခြင်းဖြစ်ပါက အာမခံ အထောက်အထားလက်မှတ်၊ အာမခံအထောက်အထားစာရွက် တင်ပြရန် မလိုအပ်ပါ။
Village House မှ တာဝန်ယူဆောင်ရွက်ပေးခြင်း မရှိသော အခြားသော မီးအာမခံများတွင် ထည့်ဝင်ထားပါက သက်တမ်းတိုးသည့် အကြိမ်တိုင်းတွင် အာမခံ အထောက်အထားလက်မှတ်၊ အာမခံအထောက်အထားစာရွက်ကို တင်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「F-2 မီးအာမခံ အထောက်အထားစာရွက် တင်ပြခြင်း」မှတဆင့် လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ပေးပါ။

မီးအာမခံအထောက်အထားစာရွက် တင်ပြခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

မီးအာမခံ စာချုပ်ဖျက်သိမ်းခြင်း လုပ်ထုံးလုပ်နည်းကို ဘယ်လိုဆောင်ရွက်ရမလဲ?

အခန်းစာချုပ် ဖျက်သိမ်းခြင်းနှင့်အတူ အိမ်ငှားများအတွက် အထွေထွေအာမခံ「Sumai Plus」၏ စာချုပ်ဖျက်သိမ်းခြင်း လုပ်ထုံးလုပ်နည်းများကို စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် Starts Small Amount and Short Term Insurance Co., Ltd. ၏ 「Sumai Plus」 ကိုယ်ပိုင်စာမျက်နှာ (My Page) သို့မဟုတ် ဖုန်းခေါ်ဆို၍ လုပ်ဆောင်ပေးပါ။
「Sumai Plus」 မဟုတ်သော အခြားသော မီးအာမခံများတွင် ထည့်ဝင်ထားပါက မိမိစာချုပ်ချုပ်ဆိုထားသည့် အာမခံကုမ္ပဏီသို့ ဆက်သွယ်စုံစမ်းပေးပါ။
※ အခန်းစာချုပ် ဖျက်သိမ်းသည့်ရက်အထိ မီးအာမခံတွင် ထည့်ဝင်ထားရန် လိုအပ်ပါသည်။
※ Starts Small Amount and Short Term Insurance Co., Ltd. ၏ ဆက်သွယ်ရန် ဖုန်းနံပါတ် (0120-444-605/ရုံးဖွင့်ရက် နံနက် 9:00 မှ ညနေ 17:00 ထိ)

အိမ်ပြောင်းခြင်း

Village House အိမ်ရာထဲမှာပဲ အခန်းပြောင်းရွှေ့မယ်ဆိုရင် ကနဦးကုန်ကျစရိတ်လိုအပ်ပါသလား?

အခန်းတစ်ခန်းချင်းစီအလိုက် လျှောက်ထားရခြင်း ဖြစ်သည့်အတွက် စာချုပ်ချုပ်ဆိုမှုအသစ် ပြုလုပ်ရန်နှင့် ကနဦးကုန်ကျစရိတ်ကျသင့်မည် ဖြစ်ပါသည်။ အသေးစိတ်ကို လျှောက်ထားသည့်အချိန်တွင် စစ်ဆေးအတည်ပြုပေးပါ။

စာချုပ်ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်များကို ရှင်းပြပေးပါ။

စာချုပ်ဖျက်သိမ်းခြင်း လုပ်ထုံးလုပ်နည်းများနှင့် လိုအပ်သည့်အချက်များအကြောင်းကို စာချုပ်ဖျက်သိမ်းခြင်း လုပ်ငန်းစဉ် (ဂျပန်ဘာသာ၊ PDF) တွင် ဝင်ရောက်စစ်ဆေးကြည့်ရှုပေးပါ။

အမြန်ဆုံး စာချုပ်ဖျက်သိမ်းနိုင်သည့်ရက်က ဘယ်တော့လဲ?

အမြန်ဆုံး စာချုပ်ဖျက်သိမ်းနိုင်သည့်ရက်မှာ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ ကွာခြားမှုရှိပါသည်။
အသေးစိတ်ကို အိမ်ငှားစာချုပ်ပါ 「စာချုပ်သက်တမ်း ကုန်ဆုံးရန် ကြိုတင်အကြောင်းကြားခြင်းဆိုင်ရာ ကိစ္စရပ်များ」 တွင် ဝင်ရောက်စစ်ဆေးကြည့်ရှုပေးပါ။

အိမ်ပြောင်းရွှေ့ထွက်ခွာလိုပါက ဘယ်လိုလုပ်ရမလဲ?

စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင်နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「B-1 အခန်းမှပြောင်းရွေ့ထွက်ခွာခြင်း」 မှတဆင့် လျှောက်ထားပေးပါ။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။

အခန်းမှပြောင်းရွေ့ထွက်ခွာခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

ကားပါကင်စာချုပ်ကို ဖျက်သိမ်းလိုပါက ဘယ်လိုလုပ်ရမလဲ?

စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「C-3 ကားပါကင်စာချုပ် ဖျက်သိမ်းခြင်း」 မှတဆင့် လျှောက်ထားပေးပါ။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။

ကားပါကင်စာချုပ် ဖျက်သိမ်းခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

စာချုပ်ချုပ်ဆိုသူ ကွယ်လွန်သွားခြင်းကြောင့် စာချုပ်ဖျက်သိမ်းလိုပါက ဘယ်လိုလုပ်ရမလဲ?

စာချုပ်ချုပ်ဆိုသူ ကွယ်လွန်သွားသည့်အခါ စာချုပ်ဖျက်သိမ်းခြင်း လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ပေးနိုင်မည့် အမွေစားအမွေခံပုဂ္ဂိုလ်ကိုယ်တိုင် ဆက်သွယ်ရန် ဝန်ဆောင်မှုဌာန(0120-789-380) ထံသို့ ဆက်သွယ်စုံစမ်းပေးပါ။

စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် အခန်းမှမထွက်ခွာမီ အခန်းစစ်ဆေးရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားရောက်နိုင်တော့ပါက ကိုယ်စားလှယ်ဖြင့် အခန်းသွားရောက်စစ်ဆေးခြင်းကို ပြုလုပ်လို့ရပါသလား။

ကိုယ်စားလှယ်ဖြင့် ကိုယ်စားလှယ်ဖြင့် အခန်းမှမထွက်ခွာမီ အခန်းသွားရောက်စစ်ဆေးခြင်းကို ပြုလုပ်လိုပါက စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းပေးပါ။

အခန်းအပ်နှံသည့်အခါ (သို့) အခန်းစစ်ဆေးသည့်အခါ လိုအပ်သော ယူဆောင်သွားရမည့် ပစ္စည်းများ ရှိပါသလား။

အခန်းအား မူလအခြေအနေအတိုင်း ပြန်လည်ပြင်ဆင်စရိတ် ကျသင့်နိုင်သည့်အတွက် ထိုနေရာတွင်ပင် ရှင်းလင်းပေးနိုင်ရန် ငွေသားကို ကြိုတင်ပြင်ဆင်ထားရှိပေးပါ။
※ ကိုယ်စားလှယ်မှ အခန်းအပ်နှံခြင်း/ အခန်းစစ်ဆေးခြင်းကို လုပ်ဆောင်ခြင်း စသည်ဖြင့် စာရွက်ပေါ်တွင် ရေးသားထားသော ကိုယ်စားလှယ်လွှဲစာကို တင်ပြရမည့်အခြေအနေတွင် ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုနိုင်သောအထောက်အထားနှင့် ကိုယ်စားလှယ်လွှဲစာ မူရင်းတို့ကို ယူဆောင်လာပေးပါ။
※ ကိုယ်စားလှယ်လွှဲစာ မူရင်းကို အခမ်းအနား သို့မဟုတ် ထိုနေ့တွင် အိမ်ရာတာဝန်ခံ (တာဝန်ရှိသူ) ထံသို့ ပေးအပ်ပါ။

Lifeline (မီး၊ ရေ၊ ဂတ်စ် စသည်တို့) ကို ဖျက်သိမ်းသည့် လုပ်ထုံးလုပ်နည်းများကို ဘယ်လိုဆောင်ရွက်ရမလဲ။

လျှပ်စစ်မီး၊ ဂတ်စ်၊ အင်တာနက် စသည်ဖြင့် အိမ်ငှားသူ ကိုယ်တိုင် စာချုပ်ချုပ်ဆိုထားသည့် သက်ဆိုင်ရာ ကုမ္ပဏီများသို့ စာချုပ်ဖျက်သိမ်းခြင်း လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
※ ရေသုံးစွဲခကို Village House သို့ ပေးချေနေသည့် အိမ်ရာအဆောက်အအုံများအတွက်မူ ရေသုံးစွဲမှု ရပ်တန့်ခြင်း လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ရန် မလိုအပ်ပါ။

စာချုပ်ဖျက်သိမ်းမည့်ရက်ကို ပြောင်းလဲလိုပါက ဘယ်လိုလုပ်ရမလဲ။ စာချုပ်ဖျက်သိမ်းခြင်းကို ပယ်ဖျက်လိုပါက ဘယ်လိုလုပ်ရမလဲ။

စာချုပ်ဖျက်သိမ်းမည့်ရက် ပြောင်းလဲခြင်းနှင့် စာချုပ်ဖျက်သိမ်းခြင်းကို ပယ်ဖျက်ခြင်းများ လုပ်ဆောင်၍မရပါ။
ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စာချုပ်ဖျက်သိမ်းသည့်လအတွက် အိမ်လခကို ရက်အလိုက် တွက်ချက်ပေးပါသလား။

စာချုပ်ဖျက်သိမ်းသည့်လအတွက် အိမ်လခကို ရက်အလိုက် တွက်ချက်ပေးမည် ဖြစ်ပါသည်။
※ အိမ်လခကို ကြိုတင်ပေးချေရသည့် စာချုပ်ဖြစ်ပါက စာချုပ်ဖျက်သိမ်းသည့်လ၏ အိမ်လခကို တစ်ကြိမ်တည်းဖြင့် ငွေအပြည့် ဖြတ်တောက်သွားမည့် အခြေအနေများ ရှိပါသည်။ ထိုအခြေအနေတွင် နောက်ဆုံးစာရင်းရှင်းလင်းသည့်အခါတွင် ပြန်လည်ရှင်းလင်းပေးမည် ဖြစ်ပါသည်။

စာချုပ်ဖျက်သိမ်းသည့်အခါ ကုန်ကျစရိတ် ကျသင့်မှုများ ရှိပါသလား။

စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ စာချုပ်ဖျက်သိမ်းခြင်းအတွက် လျော်ကြေး၊ သန့်ရှင်းရေးစရိတ်၊ အခန်းအား မူလအခြေအနေအတိုင်း ပြန်လည်ပြင်ဆင်စရိတ် စသည်တို့ ကျသင့်နိုင်ပါသည်။ အသေးစိတ်ကို စာချုပ်တွင် ဝင်ရောက်စစ်ဆေးကြည့်ရှုပေးပါ။

အခန်းအား မူလအခြေအနေအတိုင်း ပြန်လည်ပြင်ဆင်စရိတ်ကို ကြိုတင်၍ ကြည့်ရှုစစ်ဆေးနိုင်ပါသလား။

မူလအခြေအနေသို့ ပြန်လည်ပြင်ဆင်သည့် ကုန်ကျစရိတ်မှာ အခန်းအပ်နှံသည့်အခါ အခန်း၏ အခြေအနေကို စစ်ဆေးအတည်ပြုပြီးမှသာ ဆုံးဖြတ်မည်ဖြစ်သောကြောင့် ကြိုတင်၍ အသိပေးလမ်းညွှန်ပေးရန် မဖြစ်နိုင်ပါ။
ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အခန်းတွင်းသို့ တစ်ကြိမ်တစ်ခါမျှ မဝင်ရောက်ရသေးသည့် အခြေအနေမျိုးတွင်ပင် သန့်ရှင်းရေးစရိတ် ကျသင့်လာမည်လား။

ကျသင့်မည် ဖြစ်ပါသည်။ သန့်ရှင်းရေး ကုန်ကျစရိတ်နှင့် ပတ်သက်၍ စာချုပ်အပေါ် အခြေခံ၍ တောင်းခံသွားမည် ဖြစ်ပါသည်။

ကာလတို စာချုပ်ဖျက်သိမ်းသည့်အတွက် ကျသင့်မည့် လျော်ကြေးက ဘယ်လောက်လဲ။

ကာလတို စာချုပ်ဖျက်သိမ်းသည့်အတွက် ကျသင့်မည့် လျော်ကြေး ကျသင့်သည့်အခြေအနေတွင် စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ စာချုပ်ပါ အထူးသဘောတူညီချက် စည်းကမ်းချက်များအပေါ် အခြေခံ၍ တောင်းခံသွားမည် ဖြစ်ပါသည်။
အသေးစိတ်ကို စာချုပ်တွင် ဝင်ရောက်စစ်ဆေးကြည့်ရှုပေးပါ။

စာချုပ်ချုပ်ဆိုစဉ်က ပေးဆောင်ခဲ့သည့် စပေါ်ငွေကို ပြန်လည်ထုတ်ပေးပါသလား။

စပေါ်ငွေသည် စာချုပ်ဖျက်သိမ်းသည့်ရက် ရောက်ရှိပြီးနောက် စာချုပ်ဖျက်သိမ်းခြင်းနှင့် ဆက်စပ်သည့် ကုန်ကျစရိတ်များကို ရှင်းလင်းပြီး လက်ကျန်ငွေ ရှိသည့်အခြေအနေတွင် ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။
စာရင်းရှင်းလင်းမှု အသေးစိတ်အချက်အလက်များကို စာချုပ်ဖျက်သိမ်းသည့်ရက်နောက်ပိုင်းတွင် ပေးပို့မည့် နောက်ဆုံးစာရင်းရှင်းတမ်းတွင် ဝင်ရောက်စစ်ဆေးကြည့်ရှုပေးပါ။

စာချုပ်ဖျက်သိမ်းသည့် ကုန်ကျစရိတ်အား ပေးချေရမည့် နည်းလမ်းနှင့် သတ်မှတ်ရက်ကို ပြောပြပေးပါ။

စာချုပ်ဖျက်သိမ်းခြင်းနှင့် ဆက်စပ်၍ ပေးချေရမည့် ငွေကြေးများမှာ အချက်အလက်များအပေါ်မူတည်၍ အောက်ပါအတိုင်း ဖြစ်ပါသည်-
① စာချုပ်ဖျက်သိမ်းရန် လျှောက်ထားပြီးနောက် စာရင်းရှင်းတမ်းကို ပေးပို့ပေးပါမည်။ ဖော်ပြထားသော ငွေပေးချေရမည့် သတ်မှတ်ရက်မတိုင်မီ သတ်မှတ်ထားသော ဘဏ်အကောင့်သို့ ငွေလွှဲပေးပို့ပေးပါ။
② အခန်းအပ်နှံသည့်အခါ/ အခန်းစစ်ဆေးသည့်အခါတွင် မူလအခြေအနေသို့ ပြန်လည်ပြင်ဆင်သည့် ကုန်ကျစရိတ် ကျသင့်လာပါက သက်ဆိုင်ရာနေရာတွင်ပင် ငွေသားဖြင့် ပေးချေရမည် ဖြစ်ပါသည်။
③ စာချုပ်ဖျက်သိမ်းသည့်ရက်နောက်ပိုင်းတွင် နောက်ဆုံးစာရင်းရှင်းတမ်းကို ပေးပို့ပေးပါမည်။ ငွေပေးချေရန် လိုအပ်သည့်အခြေအနေတွင် ဖော်ပြထားသော ငွေပေးချေရမည့် သတ်မှတ်ရက်မတိုင်မီ သတ်မှတ်ထားသော ဘဏ်အကောင့်သို့ ငွေလွှဲပေးပို့ပေးပါ။

အိမ်ပြောင်းရွှေ့ထွက်ခွာသည့်အခါ Village House ၏ စာချုပ်ဖျက်သိမ်းခြင်း လုပ်ထုံးလုပ်နည်းများအပြင် လိုအပ်သည့် အခြားလုပ်ထုံးလုပ်နည်းများ ရှိပါသလား။

နေထိုင်သူကိုယ်တိုင် စာချုပ်ချုပ်ဆိုထားသည့် အင်တာနက်၊ လျှပ်စစ်မီး၊ ဂတ်စ်၊ ရေ စသည့် Lifeline ဝန်ဆောင်မှုများနှင့် မီးအာမခံတို့နှင့် ပတ်သက်၍ သက်ဆိုင်ရာ စာချုပ်ချုပ်ဆိုထားသည့် ကုမ္ပဏီများသို့ စာချုပ်ဖျက်သိမ်းခြင်း လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နေ့စဉ်ဘဝနှင့် စည်းမျဉ်းများ

နေထိုင်သူနှင့် အဆက်အသွယ်မရတော့သည့်အတွက် အသက်အန္တရာယ် ရှိ/မရှိ အခြေအနေ စစ်ဆေးလိုပါက ဘယ်လိုလုပ်ရမလဲ။

နေထိုင်သူနှင့် အဆက်အသွယ်မရတော့ဘဲ အသက်အန္တရာယ်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်ရသည့် အခြေအနေတွင် ပထမဦးစွာ ရဲတပ်ဖွဲ့ထံသို့ တိုင်ပင်ဆွေးနွေးပေးပါ။
Village House တွင် ပင်မသော့ (Master Key) ကို လက်ဝယ်ရှိထားခြင်း မရှိသောကြောင့် အခန်းတံခါးဖွင့်လှစ်ပေးခြင်းနှင့် အသက်အန္တရာယ် ရှိ/မရှိ အခြေအနေ စစ်ဆေးခြင်းတို့ကို တုံ့ပြန်ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါ။ ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရေဖိုး (ရေသုံးစွဲခ) မြင့်တက်လာပါက ဘယ်လိုလုပ်ရမလဲ။

ရေသုံးစွဲခ မြင့်တက်လာပါက ပထမဦးစွာ သက်ဆိုင်ရာ စာချုပ်ချုပ်ဆိုထားသည့် သက်ဆိုင်ရာရေပေးဝေသည့်ကုမ္ပဏီသို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။
ရေယိုစိမ့်မှု ဖြစ်ပွားနေသည်ဟု သံသယရှိပါက နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「A-1 ပြုပြင်ခြင်း・ ပြန်လည်ပြင်ဆင်ခြင်း」မှတဆင့် တောင်းဆိုပေးပါ။

ပြုပြင်ခြင်း ・ ပြန်လည်ပြင်ဆင်ခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

အခန်းတွင်း ပြုပြင်ပေးရန် တောင်းဆိုလိုပါက ဘယ်လိုလုပ်ရမလဲ။

နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး(A-1 ပြုပြင်ခြင်း・ ပြန်လည်ပြင်ဆင်ခြင်း)မှတဆင့် တောင်းဆိုပေးပါ။

ပြုပြင်ခြင်း ・ ပြန်လည်ပြင်ဆင်ခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

အများသုံးဧရိယာ (စင်္ကြံ၊ လှေကား စသည်တို့) ကို ပြုပြင်ပေးရန် တောင်းဆိုလိုပါက ဘယ်လိုလုပ်ရမလဲ။

နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး(A-1 ပြုပြင်ခြင်း・ ပြန်လည်ပြင်ဆင်ခြင်း)မှတဆင့် တောင်းဆိုပေးပါ။

ပြုပြင်ခြင်း ・ ပြန်လည်ပြင်ဆင်ခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

LED မီးသီး တပ်ဆင်လို့ရပါသလား။

LED မီးသီးနှင့် ကိုက်ညီသော မီးလုံး/မီးချောင်း တပ်ဆင်သည့် ပစ္စည်းကိရိယာများတွင် LED မီးသီးကို အသုံးပြုနိုင်ပါသည်။
သို့သော် မီးချောင်းအတွက် အသုံးပြုသည့် မီးလုံး/မီးချောင်းစသည့်ပစ္စည်းကိရိယာတွင် LED မီးသီးကို တပ်ဆင်ခြင်းမှာ တပ်ဆင်ထားသည့် ပစ္စည်းကိရိယာအမျိုးအစားအပေါ်မူတည်၍ အပူထွက်ခြင်း သို့မဟုတ် မီးလောင်ကျွမ်းခြင်း အန္တရာယ်ရှိနိုင်သည့်အတွက် တားမြစ်ထားပါသည်။
ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မီးလုံး/မီးချောင်း တပ်ဆင်သည့် ပစ္စည်းကိရိယာများ သို့မဟုတ် ပလပ်ဂ် (Plug) လဲလှယ်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေ့စဉ်လူနေမှုဘဝနှင့်ဆိုင်သော ဆက်သွယ်စုံစမ်းမေးမြန်းမှုဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

အမ်ပီယာ (လျှပ်စစ်မီး ပမာဏ) ပမာဏကို စစ်ဆေးလိုပါက ဘယ်လိုလုပ်ရမလဲ။

စာချုပ်ချုပ်ဆိုထားသည့် လျှပ်စစ်မီး ကုမ္ပဏီထံသို့ စစ်ဆေးအတည်ပြုရန် ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အမ်ပီယာ (လျှပ်စစ်မီး ပမာဏ) ပမာဏကို လျှော့ချလိုပါက ဘယ်လိုလုပ်ရမလဲ။

စာချုပ်ချုပ်ဆိုထားသည့် လျှပ်စစ်မီး ကုမ္ပဏီထံသို့ လျှော့ချရန်အတွက် ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လျှပ်စစ်မီး ပမာဏ (အမ်ပီယာ) ကို တိုးမြှင့်လို့ရပါသလား။

အခန်းတစ်ခန်းချင်းစီ၏ လျှပ်စစ်မီး ပမာဏ (အမ်ပီယာ) ကို ကြိုတင်သတ်မှတ်ထားပြီးဖြစ်သောကြောင့် ပြောင်းလဲ၍မရပါ။
ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

သော့ပျောက်ဆုံးသွားသည့်အခါ ဘယ်လိုလုပ်ရမလဲ။

Village House တွင် ပင်မသော့ (Master Key) ကို လက်ဝယ်ရှိထားခြင်း မရှိသောကြောင့် သော့ပျောက်ဆုံးသွားသည့်အခြေအနေတွင် သော့ပြင်ဆိုင်/ကျွမ်းကျင်သူကို နေထိုင်သူကိုယ်တိုင် ရှာဖွေ၍စီစဉ်ရမည်ဖြစ်ပြီး ယင်းအတွက် ကုန်ကျစရိတ်ကိုလည်း ကိုယ်တိုင်ကျခံရမည် ဖြစ်ပါသည်။
ထို့အပြင် အိမ်ပြောင်းရွှေ့ထွက်ခွာသည့်အခါ မူလအခြေအနေသို့ ပြန်လည်ပြင်ဆင်သည့် ကုန်ကျစရိတ်ကို ကျခံရမည့် အခြေအနေများလည်း ရှိပါသည်။
ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မိတ္တူပွားထားသည့် သော့ (စပယ်ယာသော့/အပိုသော့) လိုချင်ပါက ဘယ်လိုလုပ်ရမလဲ။

သော့လဲလှယ်ရန် ရ/မရကို စစ်ဆေးအတည်ပြုပေးမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေထိုင်မှုဆိုင်ရာ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

သော့လဲလှယ်လိုပါက ဘယ်လိုလုပ်ရမလဲ။

သော့လဲလှယ်ရန် ရ/မရကို စစ်ဆေးအတည်ပြုပေးမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေထိုင်မှုဆိုင်ရာ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

အခန်းနှင့် ဝရန်တာကို သန့်ရှင်းရေးလုပ်ပေးခိုင်းလို့ ရပါသလား။

အခန်းနှင့် ဝရန်တာအတွက် ပုံမှန်သန့်ရှင်းရေးလုပ်ဆောင်ပေးခြင်း မရှိပါ။ နေထိုင်သူ ကိုယ်တိုင်သာ တာဝန်ယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

CATV (ကေဘယ်လ်တီဗီ) နှင့် BS (ဂြိုဟ်တုတီဗီ) ကို စာချုပ်ချုပ်ဆိုလိုပါက (အန်တနာ တပ်ဆင်လိုပါက) ဘယ်လိုလုပ်ရမလဲ။

CATV နှင့် BS စာချုပ်ချုပ်ဆိုခြင်းနှင့် ပတ်သက်၍ မိမိအလိုရှိသော ဝန်ဆောင်မှုပေးသည့် လုပ်ငန်းရှင်ထံသို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။
ဝရန်တာတွင် BS အန်တနာ တပ်ဆင်သည့်အခါ လက်ရန်းတွင် အနာအဆာပွန်းပဲ့ခြင်းများ မဖြစ်ပေါ်စေရန်အတွက် အကာအကွယ်ပေးသည့် ကူရှင်ပစ္စည်းကို မဖြစ်မနေ အသုံးပြုပေးပါ။

အိမ်သုံးပရိဘောဂများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ငှားရမ်းလို့ရပါသလား။

အိမ်သုံးပရိဘောဂများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ငှားရမ်းပေးခြင်း မရှိပါ။
※ အချို့ကုမ္ပဏီစာချုပ်မှလွှဲ၍

အပူပေးစက် အသုံးပြုလို့ရပါသလား။

ရေနံဆီအခြေခံသည့် အပူပေးပစ္စည်းများအနက် မီးခိုး/အခိုးအငွေ့ထုတ်သည့်စနစ် မပါရှိသော ရေနံဆီသုံးမီးဖိုနှင့် ရေနံဆီသုံးအပူပေးစက်များကို အသုံးပြု၍မရပါ။
ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆီသုံး အပူပေးစက် (Oil Heater) နှင့် ကြွေပန်ကာအပူပေးစက် (Ceramic Fan Heater) များကို အသုံးပြုလို့ရပါသလား။ လျှပ်စစ်မီးဖို (Electric Stove) အသုံးပြုလို့ရပါသလား။

အသုံးပြုနိုင်ပါသည်။
သို့သော် ရေနံဆီအခြေခံသည့် အပူပေးပစ္စည်းများအနက် မီးခိုး/အခိုးအငွေ့ထုတ်သည့်စနစ် မပါရှိသော ရေနံဆီသုံးမီးဖိုနှင့် ရေနံဆီသုံးအပူပေးစက်များကို အသုံးပြု၍မရပါ။
ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရေခဲခြင်းမှ ကာကွယ်ရန် ရေထုတ်ခြင်း လုပ်ငန်းစဉ်ကို ဘယ်လိုဆောင်ရွက်ရမလဲ။
လျှပ်စစ်မီး၊ ဂတ်စ်နှင့် ရေပေးဝေသည့် ကုမ္ပဏီများ၏ ဖုန်းနံပါတ်များကို ပြောပြပေးပါ။

လျှပ်စစ်မီးနှင့် ဂတ်စ်ပေးဝေသည့် ကုမ္ပဏီများ၏ ဆက်သွယ်ရန်အချက်အလက်များကို စာချုပ် (နေထိုင်မှုဆိုင်ရာ လမ်းညွှန်ရှင်းပြချက်စာအုပ် (သို့မဟုတ်) အရေးကြီးကိစ္စရပ်များ ရှင်းပြချက်စာအုပ်၏ "「7.အခြေခံအဆောက်အအုံဆိုင်ရာ တပ်ဆင်ပစ္စည်းများ စသည်တို့ (入居説明書または重要事項説明書の「7.インフラ設備等」)တွင် ဖော်ပြပေးထားပါသဖြင့် ဝင်ရောက်စစ်ဆေးကြည့်ရှုပေးပါ။
※ သို့သော် နေထိုင်သူ ကိုယ်တိုင်မှ ပေးဝေသည့်ကုမ္ပဏီကို ပြောင်းလဲထားရှိသည့်အခြေအနေမျိုးတွင် ကျွန်ုပ်တို့ဘက်မှ လမ်းညွှန်မှုပြုလုပ်ပေးနိုင်ခြင်း မရှိပါသဖြင့် ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လျှပ်စစ်မီး၊ ဂတ်စ်နှင့် ရေပေးဝေသည့် ကုမ္ပဏီများကို ပြောင်းလဲလိုပါက ဘယ်လိုလုပ်ရမလဲ?

လျှပ်စစ်မီးနှင့် ဂတ်စ် (ပရိုပိန်းဂတ်စ်မှလွဲ၍) ကို မိမိအလိုရှိသော ပေးဝေသည့်ကုမ္ပဏီသို့ ပြောင်းလဲရန် ဖြစ်နိုင်ပါသည်။
ပြောင်းလဲလိုသည့်အခြေအနေတွင် နေထိုင်သူ ကိုယ်တိုင် လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အင်တာနက် အသုံးပြုလိုပါက ဘယ်လိုလုပ်ရမလဲ။

အင်တာနက် စာချုပ်ချုပ်ဆိုခြင်းနှင့် လျှောက်ထားခြင်းတို့နှင့် ပတ်သက်၍ မိမိအလိုရှိသော ဝန်ဆောင်မှုပေးသည့် လုပ်ငန်းရှင်ထံသို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။
ထို့အပြင် အိမ်ရာအဆောက်အအုံအပေါ်မူတည်၍ အင်တာနက် လိုင်းကြိုးများ သွယ်တန်းထားရှိမှု အခြေအနေ ကွာခြားမှုရှိပါသည်။
အသေးစိတ်ကို ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေထိုင်မှုဆိုင်ရာ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

အင်တာနက်ကုမ္ပဏီ၊ ပရိုဗိုက်တာနှင့် လျှပ်စစ်မီးကုမ္ပဏီများကို မိတ်ဆက်ပေးလို့ရမလား?

အင်တာနက်လိုင်း၊ ပရိုဗိုက်တာနှင့် လျှပ်စစ်မီးကုမ္ပဏီများနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဌာနမှတစ်ဆင့် မိတ်ဆက်ပေးရန် ဖြစ်နိုင်ပါသည်။ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။
· တစ်ဦးချင်းအမည်ဖြင့် / ကုမ္ပဏီအမည်ဖြင့် စာချုပ်ချုပ်ဆိုထားသူများအတွက် - 0120-559-778
· တစ်ဦးချင်းအမည်ဖြင့် စာချုပ်ချုပ်ဆိုထားသည့် နိုင်ငံခြားသားများအတွက် - 0800-600-0697

အင်တာနက်လိုင်းတပ်ဆင်သည့် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် ခွင့်ပြုချက် လိုအပ်ပါက ဘယ်လိုလုပ်ရမလဲ။

အင်တာနက်လိုင်းတပ်ဆင်သည့် လုပ်ငန်းဆောင်ရွက်ခြင်းကို ပြုလုပ်လိုသည့်အခြေအနေတွင် ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေထိုင်မှုဆိုင်ရာ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။
သို့သော် အဆောက်အအုံနံရံကို အပေါက်ဖောက်သည့် လုပ်ငန်းဆောင်ရွက်ခြင်းမျိုးကို တားမြစ်ထားပါသည်။ ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အင်တာနက် အသုံးပြု၍မရတော့သည့်အခါ ဘယ်လိုလုပ်ရမလဲ။

စာချုပ်ချုပ်ဆိုထားသည့် ဝန်ဆောင်မှုပေးသည့်ကုမ္ပဏီသို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

အိမ်ပြောင်းရွှေ့ထွက်ခွာသည့်အခါ အင်တာနက်လိုင်းများကို ဖြုတ်သိမ်းသည့် လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါသလား။

အင်တာနက်လိုင်းစသည်တို့ကို သွယ်တန်းတပ်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ထားသည့်အခြေအနေတွင် မူလအခြေအနေအတိုင်း ပြန်လည်ထားရှိရန် လိုအပ်သည့်အတွက် အိမ်ပြောင်းရွှေ့ထွက်ခွာချိန်မတိုင်မီ လိုင်းကြိုးများကို ဖြုတ်သိမ်းရန် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီထံသို့ ဆက်သွယ်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

MDF panel (လျှပ်စစ်ဓာတ်အားဖြန့်ဝေသည့်ပစ္စည်း) ကို ဖွင့်ပေးခိုင်းလို့ ရပါသလား။

ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေထိုင်မှုဆိုင်ရာ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

ဧည့်သည်သုံးကားပါကင် အသုံးပြုနိုင်သည့် အချိန်ကို ပြောပြပေးပါ။

ဧည့်သည်များအတွက် ကားပါကင်သည် လူအမြောက်အများ အသုံးပြုနိုင်စေရန်အတွက် သတ်မှတ်အသုံးပြုချိန်အား အချိန်တစ်နာရီခန့် သတ်မှတ်ထားရှိ၍ အသုံးပြုပေးပါ။

ကားပါကင်အတွင်း ပြဿနာများ ဖြစ်ပွားလာသည့်အခါ ဘယ်လိုလုပ်ရမလဲ?

ကားပါကင်အတွင်း ပြဿနာများ ဖြစ်ပွားလာသည့်အခြေအနေတွင် ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေထိုင်မှုဆိုင်ရာ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380) သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။
သို့သော် မတော်တဆမှုများ၊ ခိုးယူခံရမှုများ၊ ဖျက်ဆီးခံရမှုများ စသည့် ပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက ရဲတပ်ဖွဲ့ထံသို့ တိုင်ပင်ဆွေးနွေးပေးပါ။

လုံခြုံရေးကင်မရာ (CCTV) တပ်ဆင်လို့ရပါသလား?

လုံခြုံရေးကင်မရာများကို အိမ်ရာတစ်ခုချင်းစီ၏ အခြေအနေအရပ်ရပ်ကို အခြေခံ၍ တပ်ဆင်ထားရှိခြင်း ဖြစ်ပါသည်။
ထို့ကြောင့် တစ်ဦးချင်းစီ၏ တောင်းဆိုချက်အပေါ် မူတည်၍ ထပ်မံတပ်ဆင်ခြင်းကို အခြေခံအားဖြင့် လက်ခံဆောင်ရွက်ပေးခြင်း မရှိပါ။ ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အမှိုက်စွန့်ပစ်သည့်နေရာ၏ စည်းကမ်းချက်များကို ပြောပြပေးပါ။

အမှိုက်ခွဲခြားစွန့်ပစ်သည့် နည်းလမ်းများနှင့် အမှိုက်သိမ်းဆည်းသည့်ရက် စသည့် စည်းကမ်းချက်များမှာ အိမ်ရာတစ်ခုချင်းစီအပေါ်မူတည်၍ ကွာခြားမှုရှိပါသည်။
အသေးစိတ်ကို စီမံခန့်ခွဲရေးရုံး (သို့မဟုတ်) အိမ်ရာတာဝန်ခံထံတွင် စစ်ဆေးအတည်ပြုပေးပါ။
အကယ်၍ နားမလည်မှုတစ်စုံတစ်ရာရှိပါက ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေထိုင်မှုဆိုင်ရာ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

စာတိုက်မှ ပစ္စည်း/စာရွက်စာတမ်းများ မှားယွင်းရောက်ရှိလာပါက ဘယ်လိုလုပ်ရမလဲ?

မှားယွင်းရောက်ရှိလာသော စာတိုက်မှ ပစ္စည်း/စာရွက်စာတမ်းများကို ဖွင့်ဖောက်ခြင်းမပြုဘဲ ပို့ဆောင်သည့်ကုမ္ပဏီသို့ ဆက်သွယ်ပေးပါ။
ပစ္စည်း/စာရွက်စာတမ်းတွင် ဖော်ပြထားသော လက်ခံသူ သို့မဟုတ် ပို့ဆောင်သူထံသို့ တိုက်ရိုက်ဆက်သွယ်ခြင်းကို ရှောင်ရှားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အိမ်ရာတာဝန်ခံ(တာဝန်ရှိသူ)၏ ကင်းလှည့်/လှည့်လည်စစ်ဆေးသည့်ရက်ကို ပြောပြပေးပါ။

အိမ်ရာတာဝန်ခံ(တာဝန်ရှိသူ) ၏ ကင်းလှည့်/လှည့်လည်စစ်ဆေးသည့်ရက်မှာ အိမ်ရာတစ်ခုချင်းစီအပေါ်မူတည်၍ ကွာခြားမှုရှိပါသည်။
အသေးစိတ်ကို စီမံခန့်ခွဲရေးရုံးတွင် စစ်ဆေးအတည်ပြုပေးပါ။
အကယ်၍ မသေချာမရေရာမှုများ ရှိနေပါက ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေ့စဉ်လူနေမှုဘဝနှင့်ဆိုင်သော ဆက်သွယ်စုံစမ်းမေးမြန်းမှုဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

စီမံခန့်ခွဲရေးရုံးသို့ ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်ကို ပြောပြပေးပါ။

စီမံခန့်ခွဲရေးရုံးသို့ ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်ကို စာချုပ်ချုပ်ဆိုသည့်အချိန်တွင် ပေးအပ်ထားသော စာချုပ်၏ (D စီမံခန့်ခွဲမှုနှင့်ဆိုင်သော အချက်များ ) တွင် ဖော်ပြပေးထားပါသဖြင့် ဝင်ရောက်စစ်ဆေးကြည့်ရှုပေးပါ။

အိမ်တွင် ကာလရှည်ကြာစွာမရှိသည့် (ခရီးထွက်မည့်) အခြေအနေမျိုးတွင် ဘယ်လိုလုပ်ရမလဲ။

ကာလရှည်ကြာစွာ အိမ်တွင် မရှိသည့်အခြေအနေမျိုးတွင် ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေထိုင်မှုဆိုင်ရာ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။ အိမ်တွင်မရှိမည့် ကာလနှင့် အခြေအနေအပေါ်မူတည်၍ လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ ကွာခြားမှုရှိနိုင်ပါသည်။

စက်ဘီးရပ်နားရာနေရာကို အသုံးပြုသည့်အခါ လုပ်ထုံးလုပ်နည်း တစ်စုံတစ်ရာ ဆောင်ရွက်ရန် လိုအပ်ပါသလား?

စက်ဘီးကို ရပ်နားလိုသည့်အခြေအနေတွင် အခြေခံအားဖြင့် ဆောင်ရွက်ရန် လိုအပ်သော လုပ်ထုံးလုပ်နည်းမရှိပါ။
မော်တော်ဆိုင်ကယ်ကို ရပ်နားလိုသည့်အခြေအနေတွင် အိမ်ရာအဆောက်အအုံအပေါ်မူတည်၍ ရပ်နားသည့်နေရာနှင့် အသုံးပြုသည့် စည်းကမ်းချက်များ ကွာခြားမှုရှိပြီး ရပ်နားခကောက်ခံမှုများလည်း ရှိနိုင်ပါသည်။
အသေးစိတ်ကို ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေထိုင်မှုဆိုင်ရာ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380) သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

ရပ်ကွက်ပြည်သူ့ကောင်စီ (သို့မဟုတ်) ရပ်ကွက်အသင်းအဖွဲ့သို့ ဝင်ရောက်ရန် မဖြစ်မနေ လိုအပ်ပါသလား?

ရပ်ကွက်အသင်းအဖွဲ့၏ လုပ်ဆောင်မှုများနှင့် ဝင်ရောက်ရန် သတ်မှတ်ချက်များနှင့် ပတ်သက်၍ Village House ဘက်မှ သိရှိထားခြင်း မရှိပါ။ အသေးစိတ်ကို ရပ်ကွက်အသင်းအဖွဲ့ထံသို့ တိုက်ရိုက်စစ်ဆေးအတည်ပြုပေးပါ။

အသိမိတ်ဆွေအား Village House ရှိ အခန်းများကို မိတ်ဆက်ပေးလိုပါက ဘယ်လိုလုပ်ရမလဲ? မိတ်ဆက်ပေးပါက အထူးခံစားခွင့်ရှိပါသလား?

Village House တွင် သူငယ်ချင်းမိတ်ဆက်ပေးသည့်စနစ်ကို စီစဉ်ဆောင်ရွက်ပေးထားပါသည်။
အခန်းလျှောက်လွှာလျှောက်ထားသည့်အချိန်တွင် စာချုပ်ချုပ်ဆိုသူဘက်မှ မိတ်ဆက်ပေးသူ၏ အချက်အလက်များကို ဖြည့်သွင်းပေးခြင်းဖြင့် မိတ်ဆက်ပေးသူနှင့် နေထိုင်သူ နှစ်ဦးစလုံးအတွက် အထူးခံစားခွင့်များကို ပေးအပ်လျက် ရှိပါသည်။
※ အထူးခံစားခွင့် ပေးအပ်ခြင်းအတွက် သတ်မှတ်ချက်များ ရှိပါသည်။ အသေးစိတ်ကို သူငယ်ချင်းမိတ်ဆက်ပေးသည့်စနစ် တွင် ဝင်ရောက်စစ်ဆေးကြည့်ရှုပေးပါ။

24 နာရီ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်သည့် ဝန်ဆောင်မှုဌာန ရှိပါသလား?

အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် ညဘက်အရေးပေါ် ဝန်ဆောင်မှုဌာန (0120-789-380) သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

ဆီးနှင်းများ ရှင်းလင်းခြင်း၊ နှင်းဖယ်ရှားခြင်းများကို ဆောင်ရွက်ခိုင်းလို့ ရပါသလား?

အိမ်ရာဝန်းအတွင်းရှိ လမ်းကြောင်းများတွင် ဆီးနှင်းများ ရှင်းလင်းခြင်း၊ နှင်းဖယ်ရှားခြင်းများကို ပုံမှန်အချိန်ဇယားအလိုက် ဆောင်ရွက်ပေးလျက် ရှိပါသည်။
သို့သော် ကားပါကင်ကွက်လပ်အတွင်းရှိ ဆီးနှင်းများ ရှင်းလင်းခြင်းကိုမူ နေထိုင်သူ ကိုယ်တိုင် ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အများပြည်သူသွားလာရာ လမ်းမကြီးများ၏ နှင်းရှင်းလင်းရေးကို ဦးစားပေးဆောင်ရွက်ရသည့်အတွက် မိမိအလိုရှိသည့် အချိန်ကာလအတွင်း တုံ့ပြန်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အခြေအနေမျိုးလည်း ရှိနိုင်ပါသည်။
ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မြက်ရိတ်ပေးခိုင်းလို့ ရပါသလား?

အိမ်ရာဝန်းအတွင်းရှိ မြက်များကို ပုံမှန်အချိန်ဇယားအလိုက် ရိတ်သိမ်းပေးလျက် ရှိပါသည်။
အခြေအနေအပေါ်မူတည်၍ မိမိအလိုရှိသည့် အချိန်ကာလအတွင်း တုံ့ပြန်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အခြေအနေမျိုးလည်း ရှိနိုင်ပါသဖြင့် ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အိမ်ရာဝန်းအတွင်းနှင့် အများသုံးနေရာများကို သန့်ရှင်းရေးလုပ်ပေးခိုင်းလို့ ရပါသလား?

ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေထိုင်မှုစသည့် အခက်အခဲပြဿနာများ တိုင်ပင်ဆွေးနွေးသည့်ဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။
သို့သော် တိုင်ပင်ဆွေးနွေးသည့် အကြောင်းအရာနှင့် အခြေအနေအပေါ်မူတည်၍ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အခြေအနေမျိုးလည်း ရှိနိုင်ပါသည်။ ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အင်းဆက်ပိုးမွှားများ၊ တိရစ္ဆာန်ဆိုးများနှင့် ငှက်ဆိုးများစသည်တို့ကို နှိမ်နင်းဖယ်ရှားပေးခိုင်းလို့ ရပါသလား?

ကျွန်ုပ်တို့၏ Website ပင်မစာမျက်နှာမှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါရန် သို့မဟုတ် နေထိုင်မှုစသည့် အခက်အခဲပြဿနာများ တိုင်ပင်ဆွေးနွေးသည့်ဌာန(0120-789-380)သို့ ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။
သို့သော် တိုင်ပင်ဆွေးနွေးသည့် အကြောင်းအရာနှင့် အခြေအနေအပေါ်မူတည်၍ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အခြေအနေမျိုးလည်း ရှိနိုင်ပါသည်။ ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ကားပါကင်

ကားပါကင် ထပ်တိုးစာချုပ်ချုပ်ဆိုလိုပါက ဘယ်လိုလုပ်ရမလဲ?

ကားပါကင် ထပ်တိုးစာချုပ်ချုပ်ဆိုလိုပါက စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「C-1 ကားပါကင်ထပ်တိုးစာချုပ် ချုပ်ဆိုရန်လျှောက်ထားမှု」 မှတဆင့် လျှောက်ထားပေးပါ။
※ အခန်းစာချုပ်ချုပ်ဆိုထားသည့်အမည်နှင့် တူညီသော အမည်ဖြင့်သာ စာချုပ်ချုပ်ဆိုမည် ဖြစ်ပါသည်။
※ လက်ရှိနေထိုင်နေသူများအတွက် ကားပါကင်ငှားရမ်းရန် ခေါ်ယူသည့် သတ်မှတ်ချက်မှာ အသစ်ဝင်ရောက်နေထိုင်မည့်သူများအတွက် ခေါ်ယူသည့် သတ်မှတ်ချက်နှင့် ကွာခြားမှုရှိနိုင်ပါသည်။
※ လျှောက်လွှာဖောင် တင်သွင်းပြီးနောက် 7 ရက်ကြာမြင့်ပြီးမှသာ အစောဆုံး အသုံးပြုနိုင်သည့်ရက် ဖြစ်လာမည် ဖြစ်ပါသည်။ သို့သော် ကားပါကင်နေရာ၏ စာချုပ်စတင်ချုပ်ဆိုနိုင်သည့် ရက်အပေါ်မူတည်၍ ဤသတ်မှတ်ချက်အတိုင်း အကျုံးမဝင်ဘဲ ကွာခြားမှုရှိနိုင်ပါသည်။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။

ကားပါကင်ထပ်တိုးစာချုပ် ချုပ်ဆိုရန်လျှောက်ထားမှု ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

ကားပါကင် စာချုပ်ချုပ်ဆိုသည့်အခါ လိုအပ်သော စာရွက်စာတမ်းများ ရှိပါသလား?

မော်တော်ယာဉ်စစ်ဆေးရေးလက်မှတ် (自動車検査証) တင်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကားအသစ်အား လက်ခံမရရှိသေးခြင်း စသည့် အကြောင်းပြချက်များကြောင့် မော်တော်ယာဉ်စစ်ဆေးရေးလက်မှတ်ကို မရရှိသေးပါက ကားရရှိပြီးနောက် အမြန်ဆုံး တင်ပြပေးပါ။

ယာဉ်စစ်ဆေးရေးလက်မှတ် (車検証) တင်ပြလိုပါက ဘယ်လိုလုပ်ရမလဲ?

စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး 「C-5 မော်တော်ယာဉ်စစ်ဆေးရေးလက်မှတ်(自動車検査証)တင်ပြခြင်း」 မှတဆင့် လျှောက်ထားပေးပါ။

ကားစစ်ဆေးရေးလက်မှတ်(မော်တော်ယာဉ်စစ်ဆေးရေးလက်မှတ်) 自動車検査証 တင်ပြခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

ကားပါကင်နေရာ ပြောင်းလဲလိုပါက ဘယ်လိုလုပ်ရမလဲ?

ကားပါကင်နေရာ ပြောင်းလဲလိုပါက စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「C-2 ကားပါကင်နေရာပြောင်းလဲခြင်း」 မှတဆင့် လျှောက်ထားပေးပါ။
※ ဝန်ဆောင်ခ 2,200 ယန်း (အခွန်ပါဝင်ပြီး) ကျသင့်မည် ဖြစ်ပါသည်။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။

ကားပါကင်နေရာပြောင်းလဲခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

ဧည့်သည်သုံး ကားပါကင် ရှိပါသလား?

ဧည့်သည်သုံး ကားပါကင် ရှိ/မရှိမှာ အိမ်ရာ အဆောက်အအုံပေါ်မူတည်၍ ကွာခြားမှုရှိပါသည်။
အသေးစိတ်ကို ကျွန်ုပ်တို့၏ ပင်မစာမျက်နှာ (Website) မှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ခြင်း (သို့မဟုတ်) နေထိုင်မှုဆိုင်ရာ ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380)ထံသို့လည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ကားအသစ်လဲလှယ် ဝယ်ယူလိုက်သည့်အခါ ဆက်သွယ်အကြောင်းကြားရန် လိုအပ်ပါသလား?

ကားပါကင်စာချုပ်ချုပ်ဆိုထားစဉ်အတွင်း ကားကိုအသစ်လဲလှယ်ဝယ်ယူခဲ့ပါက စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「C-4 စာရင်းသွင်းမှတ်ပုံတင်ထားသော ကားအမျိုးအစားပြောင်းလဲခြင်း」 မှတဆင့် လျှောက်ထားပေးပါ။
※ ယာဉ်စစ်ဆေးရေးလက်မှတ် (車検証) တင်ပြရန် လိုအပ်ပါသည်။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။

စာရင်းသွင်းမှတ်ပုံတင်ထားသော ကားအမျိုးအစားပြောင်းလဲခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

ဆိုင်ကယ်အသုံးပြုရန်အတွက် ကားပါကင်စာချုပ် ချုပ်ဆိုနိုင်ပါသလား?

ဆိုင်ကယ်အသုံးပြုနိုင်သည့် ကားပါကင်နှင့်ပတ်သက်၍ အသုံးပြုနိုင်ခြင်း ရှိ/မရှိမှာ အိမ်ရာ အဆောက်အအုံပေါ်မူတည်၍ ကွာခြားမှုရှိပါသည်။
အသေးစိတ်ကို ကျွန်ုပ်တို့၏ ပင်မစာမျက်နှာ (Website) မှတစ်ဆင့် အီးမေးလ်ဖြင့် ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

ကားရပ်နားရန်နေရာ အတည်ပြုစာရွက် (保管場所使用承諾証明書) ကို ထုတ်ပေးခိုင်းလို့ ရပါသလား?

စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「C-6 ကားရပ်နားရန်နေရာ အတည်ပြုစာရွက်(保管場所使用承諾書)」 မှတဆင့် လျှောက်ထားပေးပါ။
※ 1 စောင်လျှင် ဝန်ဆောင်ခ 3,300 ယန်း (အခွန်ပါဝင်ပြီး) ကျသင့်မည် ဖြစ်ပါသည်။
※ ဧည့်သည်သုံးနေရာအဖြစ် ကားပါကင်စာချုပ်ချုပ်ဆိုထားသည့် အခြေအနေ၊ ကားပါကင်စာချုပ် မချုပ်ဆိုရသေးမီ (သို့မဟုတ်) အိမ်လခပေးဆောင်ရန် ကျန်ရှိနေသေးသည့် အခြေအနေများတွင် ထုတ်ပေးနိုင်မည် မဟုတ်ပါ။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။
※ ကားပါကင်သီးသန့်သာ စာချုပ်ချုပ်ဆိုထားသူများအနေဖြင့် သီးသန့်ဆက်သွယ်စုံစမ်းမေးမြန်းပေးပါ။

ကားရပ်နားရန်နေရာ အတည်ပြုစာွက် (ယာဉ်ထားရှိရာနေရာ အသုံးပြုခွင့် သဘောတူညီချက် အထောက်အထားစာရွက်) 保管場所使用承諾証明書 ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

ကားရပ်နားရန်နေရာ အတည်ပြုစာရွက် (保管場所使用承諾証明書) သည် ဘယ်လောက်ကြာမှ ရောက်ရှိလာမှာလဲ?

ထုတ်ပေးရန် လျှောက်ထားပြီးနောက် ထုတ်ပေးသည့် ဝန်ဆောင်ခ ငွေပေးချေမှုကို စစ်ဆေးအတည်ပြုနိုင်သည်နှင့် တစ်ပြိုင်နက် ထုတ်ပေးမည် ဖြစ်ပါသည်။ ပို့ဆောင်မည့် ခန့်မှန်းခြေ အချိန်ဇယားမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
· အီးမေးလ်ဖြင့် ပို့ဆောင်မည့် အခြေအနေ- 1 ရက်မှ 2 ရက်ခန့်
· စာတိုက်မှတဆင့် ပို့ဆောင်မည့် အခြေအနေ- ရက်ပေါင်း 10 ရက်ဝန်းကျင် (စာတိုက်လုပ်ငန်း အခြေအနေအပေါ်မူတည်၍ အပြောင်းအလဲ ရှိနိုင်ပါသည်။)

ကားရပ်နားရန်နေရာ အတည်ပြုစာရွက် (保管場所使用承諾証明書) ကို ထပ်မံထုတ်ပေးခိုင်းလို့ရပါသလား?

စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「C-6 ကားရပ်နားရန်နေရာ အတည်ပြုစာရွက်(保管場所使用承諾書)」 မှတဆင့် လျှောက်ထားပေးပါ။
※ ဖော်ပြပါ အချက်အလက်များတွင် ပြောင်းလဲမှုရှိသည့် အခြေအနေ (သို့မဟုတ်) ယခင်က ထုတ်ပေးခဲ့သည့်အချိန်မှစ၍ သတ်မှတ်ကာလတစ်ခု ကုန်ဆုံးသွားသည့် အခြေအနေများတွင် 1 စောင်လျှင် ဝန်ဆောင်ခ 3,300 ယန်း (အခွန်ပါဝင်ပြီး) ကျသင့်မည် ဖြစ်ပါသည်။
※ ဝန်ဆောင်ခ ကျသင့်သည့် အခြေအနေများတွင် ငွေပေးချေမှုကို စစ်ဆေးအတည်ပြုပြီးမှသာ ထုတ်ပေးမည် ဖြစ်ပါသည်။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။

ကားရပ်နားရန်နေရာ အတည်ပြုစာွက် (ယာဉ်ထားရှိရာနေရာ အသုံးပြုခွင့် သဘောတူညီချက် အထောက်အထားစာရွက်) 保管場所使用承諾証明書 ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

စာချုပ်ပြောင်းလဲခြင်းနှင့် သက်တမ်းတိုးခြင်း

စာချုပ်သက်တမ်း ကာလအလိုက် သက်တမ်းတိုးခြင်း လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ရန် လိုအပ်ပါသလား?

အခြေခံအားဖြင့် သက်တမ်းတိုးခြင်း လုပ်ထုံးလုပ်နည်း လုပ်ဆောင်ရန် မလိုအပ်ပါ။
※ သတ်မှတ်ကာလပါ အိမ်ငှားစာချုပ်ဖြစ်ပါက စာချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ရန် လိုအပ်ပါသည်။
※ စာရင်းသွင်းထားသော အချက်အလက်များတွင် ပြောင်းလဲမှုများ ရှိလာသည့် အချိန်တိုင်းလုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
※ စာချုပ်သက်တမ်းတိုးသည့် အချိန်တွင် စာရင်းသွင်းထားသော အချက်အလက်များကို စစ်ဆေးခြင်းနှင့် အသစ်ပြင်ဆင်ခြင်းများကို ဆောင်ရွက်ပေးရန် တောင်းဆိုသည့်အခြေအနေမျိုးလည်းရှိပါသည်။

စာချုပ်သက်တမ်းတိုးသည့်အခါ သက်တမ်းတိုးခ ပေးရပါသလား?

သက်တမ်းတိုးခ ပေးစရာမလိုပါ။

စာချုပ်ချုပ်ဆိုသူ၏ အမည်ကို ပြောင်းလဲလိုပါက ဘယ်လိုလုပ်ရမလဲ?

အသစ်တဖန် စာချုပ်ချုပ်ဆိုမည့်သူ၏ သဘောထားဆန္ဒကို အတည်ပြုပြီးနောက် လက်ရှိစာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန (0120-789-380)သို့ ဆက်သွယ်စုံစမ်းပေးပါ။

စာချုပ်ချုပ်ဆိုသူ ကွယ်လွန်သွားခြင်းကြောင့် အမည်ပြောင်းလဲလိုပါက ဘယ်လိုလုပ်ရမလဲ?

စာချုပ်ချုပ်ဆိုသူ ကွယ်လွန်သွားသည့်အခါ အမည်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ အသစ်စာချုပ်ချုပ်ဆိုမည့် အမွေစားအမွေခံပုဂ္ဂိုလ်ကိုယ်တိုင် ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380)ထံသို့ ဆက်သွယ်စုံစမ်းပေးပါ။

စာချုပ်ချုပ်ဆိုသူ၊ အတူနေထိုင်သူ၊ အရေးပေါ်ဆက်သွယ်ရမည့်သူ၊ အာမခံပေးသူ၏ အမည် (မျိုးရိုးအမည်)၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် ပြောင်းလဲသွားပါက ဘယ်လိုလုပ်ရမလဲ?

စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် ပြောင်းလဲသွားသည့်အချက်အလက်အပေါ် မူတည်၍ အောက်ပါ နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး မှတဆင့် လျှောက်ထားပေးပါ။
· အမည် (မျိုးရိုးအမည်) ပြောင်းလဲခြင်း:「G-1 အမည်ပြောင်းလဲခြင်း」
· နေရပ်လိပ်စာ ပြောင်းလဲခြင်း:「G-4 နေရပ်လိပ်စာပြောင်းလဲခြင်း」
· ဖုန်းနံပါတ် ပြောင်းလဲခြင်း:「G-3 ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ ပြောင်းလဲခြင်း」
※ စာချုပ်ချုပ်ဆိုသူ၏ အမည် (မျိုးရိုးအမည်) ပြောင်းလဲသွားသည့်အခါ ဘဏ်တွင် ဘဏ်အကောင့်အမည်ပြောင်းလဲခြင်း လုပ်ထုံးလုပ်နည်းကို ဦးစွာဆောင်ရွက်ပေးပါ။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။

အမည်ပြောင်းလဲခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

အတူနေထိုင်သူ ထပ်တိုးလိုပါက ဘယ်လိုလုပ်ရမလဲ?

အတူနေထိုင်သူ ထပ်တိုးလိုပါက စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「D-1 နေထိုင်မည့်သူထပ်တိုးလျှောက်ထားခြင်း」 မှတဆင့် လျှောက်ထားပေးပါ။
※ အခြေအနေပေါ်မူတည်၍ လျှောက်ထားနိုင်ခြင်း မရှိသည့် အခြေအနေမျိုးလည်း ရှိပါသည်။ အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။
※ စစ်ဆေးမှုရလဒ်အပေါ်မူတည်၍ အခန်းတွင်း ဝင်ရောက်နေထိုင်ခွင့်မပြုသည့် အခြေအနေမျိုးလည်း ရှိပါသည်။ ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။

နေထိုင်မည့်သူထပ်တိုးလျှောက်ထားခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

အတူနေထိုင်သူ ပြောင်းရွှေ့ထွက်ခွာမည်ဆိုပါက ဘယ်လိုလုပ်ရမလဲ?

စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「D-2 အတူနေထိုင်သူ ထွက်ခွာခြင်း ・ ပူးတွဲစာချုပ်ချုပ်ဆိုထားသူ၏ အခန်းမှပြောင်းရွေ့ထွက်ခွာခြင်း」 မှတဆင့် လျှောက်ထားပေးပါ။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။

အတူနေထိုင်သူ အခန်းမှပြောင်းရွေ့ထွက်ခွာခြင်းအတွက် လျှောက်ထားမှု ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

အရေးပေါ်ဆက်သွယ်ရမည့်သူကို အခြားသူတစ်ဦးသို့ ပြောင်းလဲလိုပါက ဘယ်လိုလုပ်ရမလဲ?

စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「G-6 အရေးပေါ်ဆက်သွယ်ရမည့်သူ ပြောင်းလဲခြင်း」 မှတဆင့် လျှောက်ထားပေးပါ။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။

အရေးပေါ်ဆက်သွယ်ရမည့်သူ ပြောင်းလဲခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

အာမခံပေးသူကို အခြားသူတစ်ဦးသို့ ပြောင်းလဲလိုပါက ဘယ်လိုလုပ်ရမလဲ?

အာမခံပေးသူ ပြောင်းလဲလိုပါက စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် ဆက်သွယ်စုံစမ်းမေးမြန်းမှုများ ဝန်ဆောင်မှုဌာန(0120-789-380)ထံသို့ ဆက်သွယ်စုံစမ်းပေးပါ။

Room Share (အခန်းမျှဝေနေထိုင်ခြင်း) နေထိုင်လိုပါက ဘယ်လိုလုပ်ရမလဲ?

Room Share (အခန်းမျှဝေနေထိုင်ခြင်း) နေထိုင်လိုပါက စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「D-1 နေထိုင်မည့်သူထပ်တိုးလျှောက်ထားခြင်း」 မှတဆင့် လျှောက်ထားပေးပါ။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။

နေထိုင်မည့်သူထပ်တိုးလျှောက်ထားခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

Room Share (အခန်းမျှဝေနေထိုင်ခြင်း) ကို ရပ်စဲလိုပါက / ဖျက်သိမ်းလိုပါက ဘယ်လိုလုပ်ရမလဲ?

Room Share (အခန်းမျှဝေနေထိုင်ခြင်း) ကို ဖျက်သိမ်းလိုပါက စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「D-2 အတူနေထိုင်သူ ထွက်ခွာခြင်း ・ ပူးတွဲစာချုပ်ချုပ်ဆိုထားသူ၏ အခန်းမှပြောင်းရွေ့ထွက်ခွာခြင်း」 မှတဆင့် လျှောက်ထားပေးပါ။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။

အတူနေထိုင်သူ အခန်းမှပြောင်းရွေ့ထွက်ခွာခြင်းအတွက် လျှောက်ထားမှု ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

အတူနေထိုင်သူ လူဦးရေ ကန့်သတ်ချက် ရှိပါသလား?

အတူတကွ နေထိုင်နိုင်သည့် လူဦးရေမှာ အခန်းဖွဲ့စည်းပုံအပေါ်မူတည်၍ ကွာခြားမှုရှိပါသည်။ ခန့်မှန်းခြေ အချက်အလက်များအတွက် အောက်ပါတို့ကို ကိုးကားကြည့်ရှုပေးပါ။
· 1DK, 1LDK, 2K, 2DK : အများဆုံး 2 ဦးအထိ (မူလသတ်မှတ်ချက်အရ)
· 2LDK, 3DK : အများဆုံး 3 ဦးအထိ (မူလသတ်မှတ်ချက်အရ)
※ စေ့စပ်ထားသူ (သို့) မိသားစုဝင်များနှင့် အတူနေထိုင်မည့် အခြေအနေများတွင်မူ ဤသတ်မှတ်ချက်နှင့်အကျုံးမဝင်ပါ။

အိမ်မွေးတိရစ္ဆာန် မွေးမြူလိုပါက ဘယ်လိုလုပ်ရမလဲ?

အိမ်ရာ အဆောက်အအုံပေါ်မူတည်၍ အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်း (သို့) တိရစ္ဆာန် အကောင်ရေများစွာ မွေးမြူခြင်းကို တားမြစ်ထားသည့် အခြေအနေများ ရှိပါသည်။
အိမ်မွေးတိရစ္ဆာန် မွေးမြူလိုပါက စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「D-3 အိမ်မွေးတိရစ္ဆာန် မွေးမြူခွင့် လျှောက်ထားမှု」 မှတဆင့် လျှောက်ထားပေးပါ။
※ နို့တိုက်သတ္တဝါများကို မွေးမြူမည့် အခြေအနေတွင် စပေါ်ငွေပေးဆောင်ရမည် ဖြစ်ပါသည်။
※ မွေးမြူမည့် အိမ်မွေးတိရစ္ဆာန် အမျိုးအစားအပေါ်မူတည်၍ ကာကွယ်ဆေးထိုးနှံခြင်းနှင့် သန္ဓေတားဆီးခြင်း / မျိုးပွားမှုမရှိအောင် ခွဲစိတ်မှုပြုလုပ်ခြင်းများ လိုအပ်နိုင်ပါသည်။
※ လိုအပ်သော စာရွက်စာတမ်းများ စသည့် အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လိုအပ်သော စာရွက်စာတမ်းများ ကွာခြားမှုရှိနိုင်ပါသည်။

အိမ်မွေးတိရစ္ဆာန် မွေးမြူခွင့် လျှောက်ထားမှု ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

ကာလသတ်မှတ်ထားသော အိမ်ငှားစာချုပ်၏ သက်တမ်းတိုးခြင်းစာရွက်စာတမ်းများကို ဘယ်အချိန်မှာရရှိမှာလဲ?

စာချုပ်သက်တမ်း ကုန်ဆုံးရန် 6 လမတိုင်မီ သက်ဆိုင်ရာ ဖောက်သည်များထံသို့ အစဉ်အတိုင်း ပေးပို့ပေးလျက် ရှိပါသည်။

ကာလသတ်မှတ်ထားသော အိမ်ငှားစာချုပ်၏ သက်တမ်းတိုးစာရွက်စာတမ်းများကို ဘယ်အချိန်နောက်ဆုံးထားပြီး တင်ပြပေးရမှာလဲ?

စာချုပ်သက်တမ်း ကုန်ဆုံးရန် 3 လမတိုင်မီအတွင်း ပြန်လည်ပေးပို့ပေးပါ။

အခြား

အမျိုးမျိုးသော လျှောက်လွှာဖောင်များမှတဆင့် ဘာတွေလုပ်ဆောင်နိုင်သလဲ?

※ စာချုပ်ချုပ်ဆိုထားရှိမှု အခြေအနေအပေါ်မူတည်၍ လုပ်ဆောင်နိုင်သည့် အချက်အလက်များ ကွာခြားမှုရှိနိုင်ပါသည်။ အသေးစိတ်ကို ဖောင်အတွင်း၌ စစ်ဆေးကြည့်ရှုပေးပါ။

A။ အခန်းပြင်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုများ
တပ်ဆင်ပစ္စည်းများ ပျက်စီးခြင်း သို့မဟုတ် ချို့ယွင်းချက်များကြောင့် ပြုပြင်ပေးရန် တောင်းဆိုခြင်း

B။ အခန်းမှပြောင်းရွှေ့ထွက်ခွာခြင်းနှင့် စာချုပ်ဖျက်သိမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
အခန်းမှပြောင်းရွှေ့ထွက်ခွာခြင်းနှင့် စာချုပ်ဖျက်သိမ်းခြင်းဆိုင်ရာ လျှောက်ထားမှုများ

C။ ကားပါကင်နှင့် ဆက်စပ်သည့် ကိစ္စရပ်များ
ကားပါကင်အသစ်ထပ်တိုးခြင်း / ကားပါကင်နေရာ ပြောင်းလဲခြင်း / ကားပါကင်စာချုပ်ဖျက်သိမ်းခြင်း / စာရင်းသွင်းမှတ်ပုံတင်ထားသော ကားအမျိုးအစား ပြောင်းလဲခြင်း / မော်တော်ယာဉ်စစ်ဆေးရေးလက်မှတ် (自動車検査証) တင်ပြခြင်း / ကားရပ်နားရန်နေရာ အတည်ပြုစာရွက် (保管場所使用承諾書) ထုတ်ပေးခြင်း

D။ စာချုပ်ပါ အချက်အလက်များ ပြောင်းလဲခြင်း
အတူနေထိုင်သူ ထပ်တိုးခြင်းနှင့် ပြောင်းရွှေ့ထွက်ခွာခြင်း / အိမ်မွေးတိရစ္ဆာန် မွေးမြူခွင့် လျှောက်ထားခြင်း / ကွယ်လွန်သွားခြင်းကြောင့် စာချုပ်အမည်ပြောင်းလဲခြင်း / အာမခံပေးသူ ပြောင်းလဲခြင်းနှင့် ဆက်လက်ထားရှိခြင်း / ကာလသတ်မှတ်ထားသော အိမ်ငှားစာချုပ်ကို သက်တမ်းတိုးလျှောက်ထားခြင်း

E။ အမျိုးမျိုးသော ထောက်ခံစာများ ထုတ်ပေးခြင်း
အိမ်ငှားရမ်းခ အထောက်အထားစာရွက်နှင့် စာချုပ်မိတ္တူထုတ်ပေးခြင်း

F။ မီးအာမခံ ထည့်ဝင်ခြင်းနှင့် အာမခံအထောက်အထားစာရွက်တင်ပြခြင်း
မီးအာမခံ ထည့်ဝင်ခြင်းရန် လျှောက်ထားခြင်းနှင့် အာမခံအထောက်အထားစာရွက်တင်ပြခြင်း

G။ ဖောက်သည်၏ ကိုယ်ရေးအချက်အလက်များ ပြောင်းလဲခြင်းနှင့် လျှောက်ထားခြင်း
အမည်ပြောင်းလဲခြင်း / အလုပ်လုပ်ကိုင်ရာ ကုမ္ပဏီ(သို့)လုပ်ငန်းခွင် ပြောင်းလဲခြင်း / ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာ ပြောင်းလဲခြင်း / အရေးပေါ်ဆက်သွယ်ရမည့်သူ၊ အာမခံပေးသူ၏ စာရင်းသွင်းမှတ်ပုံတင်ထားသော နေရပ်လိပ်စာ ပြောင်းလဲခြင်း / အိမ်လခနုတ်ယူသည့် ဘဏ်အကောင့် ပြောင်းလဲခြင်း / အရေးပေါ်ဆက်သွယ်ရမည့်သူ ပြောင်းလဲခြင်း / ဥပဒေအရ တရားဝင်ကိုယ်စားလှယ် စာရင်းသွင်း မှတ်ပုံတင်ခြင်း / သက်တမ်းတိုးထားသော နေထိုင်ခွင့်ကဒ် (ဇိုင်းလျူးကဒ်) တင်ပြခြင်း

စာချုပ်မိတ္တူကို ထုတ်ပေးခိုင်းလို့ ရပါသလား?

စာချုပ်ချုပ်ဆိုသူ ကိုယ်တိုင် နေထိုင်သူများသီးသန့် လျှောက်လွှာဖောင်အမျိုးမျိုး「E-1 အိမ်ငှားရမ်းခ အထောက်အထားစာရွက်ထုတ်ပေးခြင်း」 မှတဆင့် လျှောက်ထားပေးပါ။
※ စာချုပ်မူရင်းသည် စာချုပ်ချုပ်ဆိုသည့်အချိန်ကတည်းက ပေးအပ်ပြီးဖြစ်ပါသည်။ မလျှောက်ထားမီ မိမိလက်ဝယ်ရှိ ငှားရမ်းမှုဆိုင်ရာ စာရွက်စာတမ်းများ (သို့) စာချုပ်ချုပ်ဆိုသည့်အချိန်က လက်ခံရရှိထားသော အီလက်ထရောနစ်စာချုပ် အီးမေးလ်ကို သေချာစွာ စစ်ဆေးပေးပါ။
※ ထုတ်ပေးမည့် စာချုပ်မိတ္တူမှာ မူလအခန်းစတင်ဝင်ရောက်ချိန် (အိမ်ပြောင်းဝင်ချိန်) က စာချုပ်ကိုသာ အဓိကထား ထုတ်ပေးမည်ဖြစ်ပါသည်။ ဤအချက်ကို ကြိုတင်သိရှိနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အိမ်ငှားရမ်းခ အထောက်အထားစာရွက်ထုတ်ပေးခြင်း ဖောင်ကို ဖွင့်ပါ (လော့ဂ်အင်ဝင်ရန် လိုအပ်သည်)

ဖုန်း ဖုန်းဆက်မေးမြန်းရန် 0120-266-078